ဖြူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာမှပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အတွင်းရေးမှူးအပါအဝင် မြို့နယ်အမှုဆောင်ကော်မတီဝင် များ၊ ဒေသတာဝန်ခံများလိုက်ပါ၍    ယမန်နေ့ နံနက် ၉နာရီတွင် ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ လက်တက်ကြီးကျေးရွာအုပ်စု နောင်ဘို ကျေးရွာသို့လည်းကောင်း၊ နံနက် ၁၁ နာရီခွဲတွင် ကညွတ်ကွင်းမြို့ ရေပြာကျေးရွာသို့လည်းကောင်း ကွင်းဆင်းသွားရောက်ကာကျေးရွာ ကော်မတီဝင်များအိမ်၌ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ကျေးလက်ပြည်သူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင် မောင်စိုးကအဖွင့်အမှာစကားပြော ကြားကာအတွင်းရေးမှူးနှင့်မြို့နယ် အမှုဆောင်များက လာမည့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရှိရေး၊ ပါတီစည်းရုံးရေး နှင့်ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ကြပြီး တက်ရောက်လာ သူများက မေးမြန်းဆွေးနွေးချက်များကို    အမှုဆောင်အဖွဲ့နှင့်သက် ဆိုင်ရာဒေသတာဝန်ခံများက ဖြေ ကြားခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲများသို့ ကျေးရွာအသီးသီးမှ ရပ်ကျေးစည်း ရုံးရေးမှူးများ၊အဖွဲ့ဝင်များနှင့် ရပ်မိ ရပ်ဖများ၊ စိတ်ဝင်စားသူရွာသူရွာ သားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဆွေဝင်း(ရွှေအင်း)