ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ဦးထွေးလှ မာန်အောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးထွေးလှ(နတလညွှန်ချုပ်ငြိမ်း) သည် ရခိုင်ပြည်နယ် မာန်အောင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များနှင့်သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဦးထွေးလှနှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်းတို့သည် ကျောက်ဖြူမှ မာန်အောင်သို့ လေယာဉ်ဖြင့် ယခုလ ၁၂ရက် မွန်းလွဲ ၁၂နာရီခွဲ ကရောက်ရှိလာရာ မာန်အောင်မြို့ နယ်ပါတီမှ ခရိုင်၊ မြို့နယ်၊ ရပ်/ ကျေးခေါင်းဆောင်များကလေဆိပ် တွင် ကြိုဆိုခဲ့ကြသည်။

ယင်းနောက် ယခုလ ၁၃ရက် မွန်းလွဲ ၁၂နာရီခွဲတွင် မာန်အောင် မြို့နယ် ကင်းတဲကျေးရွာအုပ်စု ကင်းတဲကျေးရွာတွင် ပြည်သူ လူထုနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

တွေ့ဆုံပွဲသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည်နှင့်ကော်မတီအဖွဲ့ တက်ရောက်ခဲ့သည်။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးထွေးလှက ပြည်သူလူထုနှင့်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး ပြည်သူလူထု၏ ပြန်လည်ဆွေးနွေး တင်ပြချက်များ အပေါ်တွင်လည်း ဦးထွေးလှက ပြည်သူ့၏လိုအပ်ချက်များကိုတတ် နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေး အကြံပြုခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီ နာယကဦးသာညွန့်ကလည်း အကြံ ပြုဆွေးနွေးခဲ့ကြပြီး အခမ်းအနား ကို မွန်းလွဲ ၂နာရီတွင် အောင်မြင် စွာ ရုပ်သိမ်းလိုက်ကြောင်း သိရ သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနား သို့ တက်ရောက်အင်အား ၂ဝဝ တက်ရောက်ခဲ့သည်။

ဆက်လက်၍ ယင်းနေ့ ညနေ ၆နာရီတွင် မျှော်တော်ဦးကျေးရွာ အုပ်စု မျှော်တော်ဦးကျေးရွာတွင် လူထုတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင်ဦးထွေးလှက ပြည်သူ လူထုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပြည်သူများကလည်းယနေ့ဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေ နှင့်ပြည်သူလုထု၏လိုအပ်ချက်များ ကို ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြ သည်။

ပြည်သူများ၏ တင်ပြချက်ကို ဗဟိုကော်မတီဝင် ဦးထွေးလှက ပြန်လည်ညှိနှိုင်းအကြံပြုခဲ့သည်။ထို့အပြင် ပါတီနာယက ဦးသာ ညွန့်ကလည်း အကြံပြုဆွေးနွေး ခဲ့ကြပြီး အခမ်းအနားကို ည ၈ နာရီခွဲတွင် အောင်မြင်စွာရုပ်သိမ်း ခဲ့သည်။ အခမ်းအနားသို့ ပြည်သူ လူထု ၁ဝဝကျော် တက်ရောက်ခဲ့ ကြောင်း သိရသည်။

ယူဒီနေ