လောင်းလုံးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီ ဝင် ၁ဝဝ အား အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနား ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်ဆင်အုပ်စု ကရင်ကြီး ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား တွင် တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးဦးနေမျိုး၊ ထားဝယ်ခရိုင် ပါတီဥက္ကဋ္ဌဒေါက်တာဦးဝင်းအောင် နှင့် လောင်းလုံးမြို့နယ် ပါတီဥက္ကဋ္ဌဦးတင်မောင်မြင့် တို့က အမှာစကားပြောကြားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ကျောက်ဆင်ကျေးရွာ အုပ်စု ပါတီဝင်အဆိုပြုလွှာများကို မြို့နယ်ဥက္ကဋ္ဌ ထံသို့ ကျေးရွာအလိုက် စည်းရုံးရေးမှူးများက ပေးအပ်ခြင်း၊ ပါတီဝင်ကြေးများအား ကျောက်ဆင် အုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဘဏ္ဍာရေးမှူးဦးစိုးသန်းကပေးအပ်ခြင်း၊ ပါတီဝင် များက ဆွေးနွေးတင်ပြခြင်းနှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပြန်လည်ဆွေးနွေးတင်ပြခြင်း များဆောင်ရွက်ခဲ့သည်။

ယင်းနောက် ကျောက်ဆင်ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌ ဦးစိန်မြင့်က ပါတီဝင်အင်အား အစီရင်ခံ တင်ပြခဲ့ပြီး လောင်းလုံးမြို့နယ် ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို အောင်မြင် စွာရုပ်သိမ်းခဲ့သည်။ အခမ်းအနားတွင် ပါတီဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်တော် များ စုစုပေါင်းအင်အား ၁၃ဝ ခန့်တက်ရောက် ခဲ့ကြပြီး ပါတီဝင် ၁ဝဝ အား အဆိုပြုလွှာများ ပေးအပ်ခဲ့သည်။

ထက်မြက်အောင်