ပန်းတောင်းတွင် ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဋ္ဌများခန့်အပ်တာဝန်ပေး

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့ နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုစည်းရုံးရေးမှူး ၄၈ ဦးအား ရပ်ကွက်/ကျေးရွာအုပ်စု ပါတီ ဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန် ပေးအပ်ပွဲနှင့်လူငယ်ရေးရာတွေ့ဆုံ ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော် သီချင်း သီဆိုကာဖွင့်လှစ်ပြီး တိုင်း ပါတီကော်မတီဝင် ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။ ပြည်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင် ဇော်ဌေးက ရပ်/ကျေးပါတီဥက္ကဋ္ဌ များအဖြစ် တာဝန်ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။ ထို့နောက် ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း က ပါတီဥက္ကဋ္ဌကြီးထံမှပေးပို့သော (၇၁)နှစ်မြောက် ပြည်ထောင်စု နေ့သဝဏ်လွှာအားဖတ်ကြားခဲ့ပြီး အသစ်ခန့်အပ်ခံရသည့် ရပ်/ကျေး ဥက္ကဋ္ဌများက ကတိသစ္စာပြုကြပြီး တာဝန်ရှိသူများက ရပ်/ကျေး ဥက္ကဋ္ဌခန့်အပ်လွှာများကို ပေးအပ် ခဲ့ကြသည်။

ဆက်လက်၍ တိုင်းပါတီ ကော်မတီဝင် လူငယ်ရေးရာတာ ဝန်ခံ ဦးသန်းဇော်ထွန်းက လူငယ် ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး (၇၁)နှစ် မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြု သောအားဖြင့် လူငယ်နှင့်အမျိုး သမီးရေးရာလှုပ်ရှားမှု အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီး သီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

ပြည်သိမ်း