ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတွေ့ဆုံပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အရှေ့) တောင်ငူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာတွေ့ဆုံပွဲနှင့် အမျိုးသမီးများအတွက် အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးစောမော်ထွန်းနှင့် သက်ဆိုင်ရာ တိုင်း ခရိုင် မြို့နယ်များမှ တာဝန်ရှိသူ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပါတီဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ်မှ အဖွင့်အမှာစကားပြောကြားကာ MWCDF အဖွဲ့ ဥက္ကဌ ဒေါက်တာဒေါ်ဝေဝေသာ မှ အမျိုးသမီးများနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ဆရာမဒေါ်ဝတ်ရည်ခင်(ပဲခူး)မှလည်း အမျိုးသမီးများနှင့်ယဉ်ကျေးစွာဟောပြောခြင်း ၊ ဒေါ်ခင်လယ်လယ်ချစ်(မြန်/ဂုဏ်) မှလည်း တို့ခေတ်တွင်မှညံ့ရတော့မှာလား ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တိုင်းပါတီကော်မတီဝင် တိုင်းဒေသကြီးပါတီအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ခင်ဝင်းမှလည်း ဆောင်ရွက်အကောင်အထည်ဖော်ထားသည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ယနေ့အခမ်းအနားသို့ တောင်ငူခရိုင် ၆ မြို့နယ်အတွင်းရှိ ပါတီဝင်အမျိုးသမီးအင်အား ၅၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။