ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယခုလ ၂ဝရက် နံနက် ၈ နာရီခွဲတွင် ကော့ကရိတ် မြို့အမှတ်(၁)ရပ်ကွက်ရွှေကြက်မင်း ဘုန်းတော်ကြီးကျောင်းသို့ ရောက် ခဲ့ပြီး ရွှေကြက်မင်းဆရာတော် ဈာပနကျင်းပရေးအတွက် အလှူ ငွေကျပ်တစ်သိန်းကို ရွှေကြက်မင်း ကျောင်းတိုက်ဆရာတော်ဦးသုဇာတ အား ဆက်ကပ်လှူဒါန်းခဲ့သည်။
မွန်းလွဲ ၁နာရီတွင် ဘားအံမြို့ နယ် မိသရောင်ကျေးရွာအုပ်စု ကျွန်းရွာရှိ ဓမ္မသုခကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာ တော်အား လှူဖွယ်နှင့်ဝတ္ထုငွေကျပ် နှစ်သောင်းကို ဆက်ကပ်လှူဒါန်းခဲ့ ပြီး အဆိုပါဓမ္မသုခတိုက်ကျောင်း တွင် ကျင်းပသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ပါတီ ဝင် အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီ တွင်စတင်ကျင်းပ သည်။

နိုင်ငံတော်သီချင်းကို သံပြိုင် သီဆို၍အခမ်းအနားကို ဖွင့်လှစ်ခဲ့ ပြီး ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ စိုက်/မွေးဝန် ကြီးဦးစောမြင့်ဦးကလည်း ကျေးရွာသူကျေးရွာသားတို့ကို အားပေး စကားဖြင့်နိုင်ငံရေးအသိအမြင်ကို ဖွင့်ပေးခဲ့သည်။ ပါတီဝင်အဆိုပြု လွှာ ၁ဝ၃ စောင်ကို ကျေးရွာပါတီ ဥက္ကဋ္ဌ ဦးစောနေဝင်းက ပေးအပ် ရာ မြို့နယ်ပါတီအတွင်းရေးမှူး ဦးခွန်သန်းလင်းက လက်ခံခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကရင် ပြည်နယ်မှ တာဝန်ရှိသူများ၊ မြို့ နယ်ECများ၊ ကျေးရွာရပ်မိရပ်ဖ များ၊ ကျေးရွာသူကျေးရွာသား ပါတီဝင်သစ်များ စုစုပေါင်းအင် အား ၃ဝဝ ခန့် တက်ရောက်ခဲ့ကြ ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပေးအပ်လိုက်သော လက်ဆောင်အင်္ကျီများ၊ ရွာရေပေး ဝေရန်အတွက် လိုအပ်သော ရေ လှောင်ကန်တည်ဆောက်ရန်အတွက် အလှူငွေနှင့်ဓမ္မာရုံတည်ဆောက်ရန် အလှူငွေတို့ကို ဦးသူရိန်ဇော်နှင့် ဝန်ကြီးဦးစောမြင့်ဦးတို့က ကျေးရွာ ရပ်မိရပ်ဖများသို့ ပေးအပ်လှူဒါန်း ခဲ့သည်။

ထို့နောက် ပအိုဝ့်ယဉ်ကျေးမှု အကနှင့် ကရင်ယဉ်ကျေးမှုအက တို့ဖြင့်ပြန်လည်ဖျော်ဖြေကြသည်။ အခမ်းအနားကို မွန်းလွဲ ၃ နာရီ၌ ပါတီဝင်အသစ်များအား ပါတီ ရင်ထိုးတံဆိပ်များတပ်ဆင်ပေးပြီး    ရုပ်သိမ်းခဲ့သည်။

Union daily