ဘေးဘောင်တွင် FINGERPRINT နည်းပညာ ထည့်သွင်းအသုံးပြုထားသည့် တန်ဖိုးနည်း စမတ်ဖုန်းကို MEIZU မှ မိတ်ဆက်ပြသ

MEIZU မှ ဘေးဘောင်မှာ Fingerprint နည်းပညာ ထည့်သွင်းအသုံးပြုထားတဲ့ တန်ဖိုးနည်း စမတ်ဖုန်း M6S ကို ဇန်နဝါရီလ ၁၇ ရက်က တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ National Convention Center မှာ မိတ်ဆက်ပြသ ခဲ့ပါတယ်။

Meizu M6S မှာ အသုံးပြုထားတဲ့ Chipset ဟာ Exynos 7872 အမျိုးအစားဖြစ်ပြီး Hexa-core (4×1.6 GHz Cortex-A53 & 2×2.0 GHz Cortex-A73) CPU နဲ့ RAM 3GB ထည့်သွင်း အသုံးပြုထားပါတယ်။ Internal storage memory ကို 32/64 GB နှစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်သလို Internal storage memory မလုံလောက်ဘူး ဆိုရင်လည်း microSD ကတ်နဲ့ 128 GB အထိ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာစနစ် အနေနဲ့ နောက်ကျောဘက်အခြမ်းမှာ 16 MP, f/2.0, phase detection autofocus, dual-LED dual-tone flash ကင်မရာနဲ့8 MP, f/2.0 ရှေ့ကင်မရာတွေ ပါဝင်ပါတယ်။

၅.၇ လက်မ အရွယ်အစား IPS LCD capacitive touchscreen, 16M colors, Resolution 720 x 1440 pixels, 18:9 ratio (~282 ppi density) display ကို အသုံးပြုထားပါတယ်။ Fingerprint (side-mounted), accelerometer, gyro, proximity, compass sensor တွေ ထောက်ပံ့ပါဝင်ပါဝင်ပါတယ်။ Android 7.0 (Nougat) OS နဲ့အတူ Flyme UI 6.2 ကို အသုံးပြုထားပြီး Li-Ion 3000 mAh အမျိုးအစားNon-removable battery ကို ထည့်သွင်း အသုံးပြုပေးထားပါတယ်။ အရောင်တွေအနေနဲ့ကတော့ အနက်၊ ငွေ၊ ရွှေ၊ အပြာ စတဲ့ အရောင်တွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Meizu M6S မိတ်ဆက်ပွဲအခမ်းအနားမှ တန်ဖိုးကြီး အရည်အသွေးမြင့် earphone နှစ်မျိုးနဲ့အတူ M6S နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ကာဗာတွေကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။ ” ကျွန်တော်တို့အနေနဲ့ မြန်မာပြည် ဈေးကွက်ထဲကို မတ်လ ဒါမှမဟုတ် မတ်လကုန်လောက်မှာ တင်သွင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Meizu M6S အပြင် အသစ်မိတ်ဆက်လိုက်တဲ့ earphone တွေကိုပါ တင်သွင်းရောင်းချပေးသွားမှာ ဖြစ်ပါတယ် ” လို့ Meizu မြန်မာပြည်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ Meizu M6S စမတ်ဖုန်းရဲ့ ဈေးနှုန်း တွေကတော့ 3/32GB က ငွေကျပ် နှစ်သိန်းကျော်ဝန်းကျင်ခန့် ရှိနိုင်ပြီး 3/64GB က ငွေကျပ် နှစ်သိန်းခွဲ ဝန်းကျင်ခန့်ရှိမှာ ဖြစ်ပါတယ်။ -အောင်သူ