နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနှင့် ဆင်တူသော ယူနီဖောင်းများကို မဝတ်ဆင်ရန် ပြည်ထဲရေးသတိပေး

ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများနှင့် အသင်းအဖွဲ့များကို နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်း များနှင့်ဆင်တူသော ယူနီဖောင်းများ မဝတ်ဆင်ရန်နှင့် ဝတ်ဆင်ပါက တရားဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်သည်။

လတ်တလောတွင် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများနှင့်အသင်း အဖွဲ့များသည် နိုင်ငံတော်လုံခြုံ ရေးအဖွဲ့အစည်း များ၏အသွင်သဏ္ဌာန်ဖြင့် ယူနီဖောင်းများဝတ် ဆင်အသုံးပြုနေသည် ဟု သိရှိ ထားကြောင်း ဇန်နဝါရီ ၁၆ ရက် ညက သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရလျှို့ဝှက် ချက်အက်ဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ်(က) အရ မည်သူ မဆို ပိတ်ပင် တားမြစ်ထားသည့် နေရာသို့ ဝင်ရောက်ခွင့်ရလိုသော ရည်ရွယ်ချက်ဖြင့် လည်းကောင်း၊ ဝင်ရောက်ခွင့်ရအောင် သူတစ်ပါးအား ကူညီလိုသော ရည်ရွယ်ချက် ဖြင့်လည်းကောင်း၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်လိုသော ရည် ရွယ်ချက်ဖြင့်လည်းကောင်း ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြားအရာထမ်း၊ အမှုထမ်းများနှင့် သက်ဆိုင်သည့် ဝတ်စုံကိုဖြစ်စေ၊ အဆိုပါဝတ်စုံနှင့် ပုံသဏ္ဌာန်တူသော ဝတ်စုံကို ဖြစ်စေ အသုံးပြုလျှင်၊ ဝတ်ဆင်လျှင် (သို့မဟုတ်) အဆိုပါဝတ်စုံအား အသုံးပြုခွင့်၊ ဝတ်ဆင်ခွင့်ရှိသည်ဟု မမှန်မကန် ပြောဆိုလျှင် ပုဒ်မ ၆၊ ပုဒ်မခွဲ(၃) အရ ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည် ဟု ပြဋ္ဌာန်းထားကြောင်း သတင်း ထုတ်ပြန်ထားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အပေါ် ပဲခူးတိုင်း ဒေသကြီးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ကျော်က ‘‘တပ်မတော်တို့၊ ရဲတပ်ဖွဲ့တို့ ဝတ်စုံမျိုးတွေကို ဆင်တူယိုးမှားလုပ်တဲ့ကိစ္စ တွေကို ရည်ရွယ်တာ။ ဥပမာဆို သစ်တောဝတ်စုံဝတ်ပြီး တောထဲမှာ သစ်လိုက်ခုတ်တာမျိုးတို့။ အဲဒီလိုတွေ လုပ်တာတွေကို အရေး ယူဖို့၊ လုံခြုံရေးကုမ္ပဏီတွေဆိုရင်လည်း အဖြူရောင် ဝမ်းဆက်တွေ ဝတ်လာတာမျိုးက လဝကဝတ်စုံနဲ့ တူနေ တာမျိုးတွေ။ ဒါတွေမရဘူး’’ဟု ပြောသည်။

ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများသည် လုပ်ငန်းလိုင်စင် လျှောက်စဉ်ကပင် ဝတ်ဆင်မည့် ယူနီဖောင်းပုံစံတင်ပြရပြီး ပြည်ထဲ ရေးဝန်ကြီးဌာန၏ယခုထုတ်ပြန်ချက်သည် လုံခြုံရေးအတွက် လိုအပ်ေ သာ သတိပေးမှုဟု ယူဆ ကြောင်း Safe Life လုံခြုံရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမြတ်သူဟိန်းကပြောသည်။

နေပြည်တော် လေဆိပ်တွင် ၂၀၁၇ အောက်တိုဘာအတွင်း လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသော စီးပွားရေးလုပ်ငန်းရှင် ဖြိုးကိုကိုတင့်ဆန်းသည် အထူးရဲတပ်ဖွဲ့ဝတ်စုံနှင့်ဆင်တူသော ဝတ်စုံများချုပ်လုပ်ထားကြာင်း စစ်ဆေးတွေ့ရှိ ပြီးနောက် စစ်ဆေးအရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ထို့အပြင် မှုခင်းသတင်းထာက် (အထူးသတင်းထောက်) ဟူသောအဖွဲ့သည် အနက်ရောင်တူညီဝတ်စုံများ ဝတ်ဆင်သည်ကို သတင်းမီဒီယာ အသိုင်းအဝိုင်း နှင့် နယ်ပယ်အသီး သီးက ဝေဖန်မှုများရှိနေသည်။

လက်ရှိ ကျင့်သုံးနေသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ တွင် ပြည်သူ့ဝန်ထမ်းမဟုတ်သူ တစ်ဦးဦးသည် ပြည်သူ့ဝန်ထမ်း ဖြစ်ကြောင်း သူတစ်ပါးက ယုံကြည်စေရန်ရည်ရွယ်၍ဖြစ်စေ၊ ယုံကြည်စေမည်ကိုသိလျက်နှင့် ဖြစ်စေ ပြည်သူ့ဝန်ထမ်းတို့ ဝတ်ဆင်၊ ကိုင်ဆောင်သည့် အဝတ်တန်ဆာ၊ အမှတ်အသားနှင့် သဏ္ဌာန်တူသော အဝတ်တန်ဆာ၊ အမှတ်အသားတို့ကို ဝတ်ဆင် လျှင် (သို့မဟုတ်) ကိုင်ဆောင်လျှင် သုံးလအထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်နှစ်သောင်းအထိ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။