မြောက်ကိုရီးယားကို ဒဏ်ခတ်မှု ပိုမိုပြုလုပ်ရေး စဉ်းစားကြရန် သဘောတူ

နိုင်ငံပေါင်း ၂၀ ပါဝင်တဲ့ မြောက်ကိုရီးယားအရေး ဆွေးနွေးပွဲကနေ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုတွေ ပိုမိုပြုလုပ်ရေး စဥ်းစားကြဖို့ သဘောတူခဲ့ပါတယ်။

ဇန်န၀ါရီ ၁၆ ရက်နေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးက မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ပိုမိုပြုလုပ်ရေး စဉ်းစားကြဖို့ သဘောတူခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံ ထိပ်သီးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က “အမေရိကန်အနေနဲ့ မြောက်ကိုရီးယားနဲ့ စေ့စပ်ဆွေးနွေးဖို့ အဆင်သင့်ပဲဆိုပြီး ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ မြောက်ကိုရီးယားကလည်း ဒါကို သိပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားက  ခြိမ်းခြောက်တဲ့ အပြုအမူကို ရပ်တန့်ဖို့က  မဖြစ်မနေ အရေးကြီးပါတယ်။ ဒါဟာ မြောက်ကိုရီးယားအနေနဲ့ တကယ်ပဲ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုတာပြသတဲ့ အညွှန်းကိန်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားဘက်က  နျူကလီးယားလက်နက် ကင်းစင်ရေးကို လုံးလုံးလျားလျား လုပ်ဆောင်တဲ့အထိ ကျနော်တို့ နိုင်ငံတွေအနေနဲ့ ဆက်လက် အိအားပေးသွားရမှာ ဖြစ်ပါတယ်”  လို့ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်နိုင်သလားဆိုတဲ့ မေးခွန်းကိုတော့ တေလာဆန်က အဆုံးအဖြတ် မပြုလုပ်ရသေးတဲ့ ကိစ္စရပ်တွေအပေါ် မှတ်ချက်ပြု ပြောကြားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

(DVB)