မော်ရင်ဟိုနှင့်စာချုပ်သစ်ချုပ်ဆိုရန် မန်ယူနီးစပ်

မန်ယူအသင်းဟာ နည်းပြမော်ရင်ဟိုနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မန်ယူရဲ့ အပြောင်းအရွှေ့ ငွေကြေး သုံးစွဲမှုအပေါ် ဝေဖန်ခဲ့ပြီး ဟိုတယ်မှာသာ တည်းခိုနေထိုင်တာကြောင့် မော်ရင်ဟို ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အသက်(၅၅)နှစ်အရွယ် မော်ရင်ဟိုကတော့ သူ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ဇန်န၀ါရီအစောပိုင်း ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ မန်ယူ နည်းပြအဖြစ် ၂၀၁၆ မေလမှာ ခန့်အပ်ခံခဲ့ရပြီး အသင်းကို ပထမရာသီကိုင်တွယ်ခဲ့စဉ် အတွင်း အင်္ဂလန်လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

-Ref; Sky sports