UEFA တစ်နှစ်တာအကောင်းဆုံးအသင်းကို ထုတ်ပြန်

ယူအီးအက်ဖ်အေဟာ ၂၀၁၇ အတွက် တစ်နှစ်တာ အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာမှာ နေမာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

နေမာဟာပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဘာစီလိုနာကနေပေါင် ၁၉၈ သန်းနဲ့ ပီအက်စ်၈ျီကို ပြောင်းခဲ့တာဖြစ်ပါတယ်။

နေမာဟာမက်ဆီနဲ့ စီရော်နယ်ဒိုတို့ပြီးရင် ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထား ရသူ ဖြစ်ပါတယ်။

အခုအကောင်းဆုံးအသင်းကို ၄-၃-၃ ကစားကွက်နဲ့ ထုတ်ပြန်ခဲ့ရာမှာ ဘူဖွန်၊ အဲလ်ဗက်စ်၊ ရာမို့စ်၊ ချီရယ်လီနီ၊ မာဆယ်လို၊ ဒီဘရူနီ၊ တိုနီခရူးစ်၊ မိုဒရစ်၊ မက်ဆီ၊ စီရော်နယ်ဒိုနဲ့ ဟာဇက်တို့ဖြစ်ပါတယ်။

-Ref; Sky sports