သီချင်းတွေ သိမ်းဆည်းထားနိုင်တဲ့ GARMIN ရဲ့ပထမဆုံး ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန် FORERUNNER 645 MUSIC

ပြီးခဲ့တဲ့နှစ်က Apple Watch, Fitbit Ionic တို့နဲ့အပြိုင် Garmin ရဲ့ Vivoactive 3 လည်း ထွက်ရှိလာပါတယ်။ ဒါပေမဲ့ Vivoactive 3 မှာ onboard music storage မပါဝင်ပါဘူး။ အခု CES ပြပွဲမှာ Garmin ဟာ စမတ်ဖုန်းမလိုဘဲ သီချင်းတွေကို သိမ်းဆည်းပြီး နားထောင်နိုင်မယ့် storage ပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဝတ်ဆင်နိုင်တဲ့ထုတ်ကုန် ဒေါ်လာ ၄၅၀ တန် Forerunner 645 Music ကို မိတ်ဆက်ခဲ့ပါတယ်။

Forerunner 645 Music ဟာ သီချင်းပေါင်း ၅၀၀ ကို သိမ်းဆည်းနိုင်မယ့် storage 3.5GB ပါဝင်လာပြီး Fitbit Ionic ထက် storage ပိုများပါတယ်။ 645 Music ဟာ Bluetooth earbud တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပြီး ကွန်ပျူတာ ဒါမှမဟုတ် music streaming ဝန်ဆောင်မှုက သီချင်းတွေအတွက် ထောက်ပံ့မှု ပါဝင်လာပါတယ်။ ဒါ့အပြင် iHeartRadio ရဲ့ streaming ဝန်ဆောင်မှုကို လစဉ်ကြေးပေးပြီး အသုံးပြုနေသူတွေက သိမ်းဆည်း ထားတဲ့ playlist တွေကို Forerunner 645 Music ထံ download လုပ်နိုင်ပါတယ်။

Forerunner 645 Music ဟာ iTunes နဲ့ Windows Media Player က download လုပ်ထားတဲ့ playlist တွေကို ထောက်ပံ့ပေးထားပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ကုန်အတွက် setup နဲ့ sync အတွက် desktop application ဖြစ်တဲ့ Garmin Express ဟာ ကွန်ပျူတာက သီချင်းတွေကို Forerunnner 645 Music ဆီလွှဲပြောင်းပေးမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Garmin ဟာ Forerunner နဲ့ဆင်တဲ့ ထုတ်ကုန်နှစ်မျိုးကို ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ သီချင်းတွေကို မသိမ်းဆည်းနိုင်တဲ့ Forerunner 645 နဲ့ 645 Music ကိုဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ Forerunner ထုတ်ကုန် နှစ်မျိုးစလုံးမှာ built-in GPS နဲ့ heart-rate sensor တွေအပြင် Garmin Pay အတွက် NFC ထောက်ပံ့မှု ပါဝင်လာပါတယ်။

သီချင်းတွေကို မသိမ်းဆည်းနိုင်တဲ့ Forerunner 645 ကို ဒေါ်လာ ၃၉၉နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး Forerunner 645 Music ကိုတော့ ဒေါ်လာ ၄၄၉ နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။