သပိတ်ကျင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ Online Media မွမ်းမံ (ဆင့်ပွား)သင်တန်းကျင်းပ

(၂၁.၁၂.၂၀၁၇) ရက်​​နေ့ နံနက်​ (၀၉း၃၀) နာရီအချိန်​တွင်​ သပိတ်​ကျင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး၌ Online Media မွမ်းမံ(ဆင့်​ပွား) သင်​တန်း ကျင်းပပြုလုပ်ခဲ့ပါသည်​။

အဆိုပါ သင်​တန်းဖွင့်​ပွဲအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ဥက္ကဌ ဦးဝင်း​မောင်​နှင့်​ တိုင်း​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဌ ဦးဝင်းကြည်​နှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ ​သင်​တန်းနည်းပြများဖြစ်​ကြ​သော ဦးကျော်​စန်း၊ ဦးဝင်းလှိုင်​ငြိမ်းနှင့်​ ဦး​ဇော်​​အောင်​ထက်​၊ သပိတ်​ကျင်းမြို့နယ်​ပါတီ​ဥက္ကဌ ဦးထွန်းတင့်​နှင့်​​ ကော်မတီဝင်​များ၊ ရပ်​​/​ကျေး​ခေါင်း​ဆောင်​များ၊ သင်​တန်းသား/သူများ တက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီး ပါတီ​ဥက္ကဌ ဦးဝင်း​မောင်​မှ သင်​တန်းဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​ သင်​တန်းနည်းပြများမှ သင်ခန်းစာများကို ဆက်​လက်​​ဆွေး​နွေးပို့ချခဲ့​ပါသည်​။

#ပြည်ခိုင်ဖြိုး#မန္တလေးတိုင်ဒေသကြီး