၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သွေးလှူဒါန်း

၁၅.၁၂.၂၀၁၇ နေ့တွင် ၄၃ နှစ်​​မြောက်​ ရခိုင်​ပြည်​နယ်​​နေ့ကို ဂုဏ်​ပြု​သောအားဖြင့်​ ရခိုင်​ပြည်​နယ်​စစ်​​တွေမြို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီမှလူငယ်​​ရေးရာအဖွဲ့နှင့်​ အမျိုးသမီး​ရေးရာအဖွဲ့တို့ ပူး​ပေါင်းပြီး ဂုဏ်​ပြု​သော ဇီဝိတဒါန​သွေးလှူဒါန်းခြင်း အစီအစဉ်​တစ်​ရပ်​ကို ပြုလုပ်​ခဲ့ပါသည်​။ ယင်းအစီအစဉ်​တွင်​ စစ်​​တွေမြို့ ပြည်​ခိုင်​ဖြိုးပါတီမှ ပြည်​နယ်​ဗဟို​ကော်​မတီဝင်​ ပြည်​နယ်​ဘဏ္ဍာ​ရေးမှူး စစ်​​တွေမြို့နယ်​တာဝန်​ခံဦးသန်းထွန်း၊ ပြည်​နယ်​​ကော်​မတီဝင်​ လူငယ်​​ရေးရာတာဝန်​ခံ ဦးစန်း​ငွေ၊ မြို့နယ်​ဥက္ကဌ​ဒေါ်​အေးမာခင်​၊ မြို့နယ်​အတွင်း​ရေးမှူး ဦးဘိုသံဒိုင်​၊ မြို့နယ်​ဘဏ္ဍာ​ရေးမှူး ဦး​အေးချမ်း၊ မြို့နယ်​မီဒီယာတာဝန်​ခံ ဦး​ကျော်​သာ၊ လူငယ်​​ရေးရာ​ခေါင်း​ဆောင်​ ဦး​အောင်​စစ်​မင်း၊ အမျိုးသမီးရေးရာ တာဝန်​ခံ ​ဒေါ်သန်းသန်းရီ။ မြို့နယ်​​ကော်​မတီဝင်​များ၊လူငယ်​​ရေးရာအဖွဲ့ဝင်​များ၊အမျိုးသမီး​ရေးရာအဖွဲ့ဝင်​များ စုံညီစွာတက်​​ရောက်​ကြပြီး ၄၃နှစ်​​မြောက်​ ရခိုင်​ပြည်​နယ်​​နေ့ကိုဂုဏ်​ပြုလျှက်​ ဇီဝိတဒါန ​သွေးလှူဒါန်းခြင်း အလှူကိုပြုလုပ်​ခဲ့ပါသည်​။ အဆိုပါ သွေးလှူဒါန်းခြင်းအတွက်​ ၄၆ ဦး​မှကြိုတင်​​သွေးစစ်​ခဲ့ရာတွင်​ ၃၅ ဦးမှ ​အောင်​မြင်​စွာ​သွေးလှူဒါန်းနှိုင်​ခဲ့ပါသည်​။

စစ်​​တွေ ပြည်ခိုင်ဖြိုး