ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲကျင်းပ

တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမ ဦးစီးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် ၁ / ၂ဝ၁၇ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အမှာစကားပြောကြားပြီး ပါတီအတွင်းရေးမှူးဦးစန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီမှ တိုင်းဒေသကြီးကော်မတီဝင်များ၊ နယ်မြေတာဝန်ခံ ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ နယ်မြေတာဝန်ခံ ဒေါ်လဲ့လဲ့အေးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် နာယကများ၊ တောင်ဥက္ကလာပမြို့နယ် ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်များမှ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

Union daily