ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဝါရင့်ပါတီခေါင်းဆောင်များအား ဂုဏ်ပြုပွဲကျင်းပ

မန္တ​လေးတိုင်း​ဒေသကြီး ပုသိမ်​ကြီးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ဦး​ဆောင်​၍ #ဝါရင့်​ပါတီ​ခေါင်း​ဆောင်​များဂုဏ်​ပြုပွဲကို (၁၇.၁၂.၂၀၁၇) ရက်​​နေ့ နံနက်​ (၁၀း၀၀) နာရီအချိန်​က ပုသိမ်​ကြီးမြို့နယ်​ ပြည်ခိုင်​ဖြိုးပါတီရုံးတွင်​ ကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးမျိုးမြင့်​၊ မန္တ​လေးခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်​ ခရိုင်​ပါတီ​ ကော်မတီဝင်​များ၊ ပုသိမ်​ကြီးမြို့နယ်​ပါတီဥက္ကဋ္ဌ ဦး​ဆွေသန်းနှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ခရိုင်​အတွင်းရှိ မြို့နယ်​များမှ ဥက္ကဋ္ဌများနှင့်​ အတွင်း​ရေးမှူးများ၊ ပုသိမ်​ကြီးမြို့နယ်​ရှိ တိုင်း/ခရိုင်​/မြို့နယ်​တို့တွင်​ တာဝန်​ထမ်း​ဆောင်​ခဲ့ကြ​သော အသက်​ (၆၀) အထက်​ ဝါရင့်​ပါတီ​ခေါင်း​ဆောင်​များ တက်​​ရောက်​ခဲ့ကြ​ပါသည်​။

ဂုဏ်​ပြုပွဲတွင်​ တိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​မှ အဖွင့်​အမှာစကား​ပြောကြားကာ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦး​ဆွေသန်းမှ ဂုဏ်​ပြုပွဲကျင်းပရခြင်းနှင့်​ပတ်​သက်​၍ ရှင်းလင်း​ပြောကြားခဲ့ပြီး ဝါရင့်​ပါတီ​ခေါင်း​ဆောင်​(၁၄၂) ဦးအား ဂုဏ်​ပြုလက်​​ဆောင်​များကို မြို့နယ်​ပါတီ​ကော်​မတီဝင်​များက အသီးသီး​ပေးအပ်​ခဲ့ပါသည်​။ ထို့နောက်​ ဝါရင့်​ပါတီ​ခေါင်း​ဆောင်​များ၏ကိုယ်​စား ဦးမြတ်​စိုးမှ ​ကျေးဇူးတင်​စကားကို ​ပြောကြားခဲ့​ကြောင်း သိရှိ ရပါသည်​။