ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဘောလခဲခရိုင် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (ပထမ) ရက် သင်ခန်းစာပို့ချနေမှု

ဘောလခဲခရိုင်- ဒီဇင်ဘာ( ၁၈)ရက်

ယမန်နေ့က ဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းမှာ နံနက်ပိုင်း သင်တန်းဖွင့်ပွဲအပြီးတွင် (ပထမ) ရက် သင်ခန်းစာပို့ချမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက နိုင်ငံရေးစီမံခန့်ခွဲမှု ဘာသာရပ်ဖြင့် လည်းကောင်း၊ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့် (သင်တန်းတာဝန်ခံ) က ပြည်ထောင်စုစိတ်ဓါတ်ဖြင့် လည်းကောင်း၊ ပြည်နယ်ကော်မတီဝင် ဦးကျော်သင်းက လူထုဟောပြောစည်းရုံးရေး ဘာသာရပ်ဖြင့် လည်းကောင်း၊ လွိုင်ကော်မြို့နယ်ပါတီဥက္ကဌ ဦးမောင်ရွှေက ပါတီ၏ဖွဲ့စည်းပုံနှင့်တာဝန်ဝတ္တရားဘာသာရပ်ဖြင့် လည်းကောင်း၊ လွိုင်ကော်ခရိုင်အရံကော်မတီဝင် ဦးစောဘွေဒိုမှ လူထုဟောပြောစည်းရုံးရေး ဘာသာရပ်ဖြင့် လည်းကောင်း၊ ဆွေးနွေးပို့ချပြီး နေ့လည်စာစားချိန် ခေတ္တရပ်နားခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ပြည်နယ်ကော်မတီဝင် ဒေါ်မော်မော်ခိုင်က On Line မီဒီယာနှင့် သတင်းရေးသားနည်း ဖြင့်ဆွေးနွေးပြီး ၁၄း၂၀ နာရီအချိန်တွင် သင်တန်းသူ/သားများအား Tea Break ပေးထားပါသည်။

Tae Break ပေးပြီး ဒီးမောဆိုမြို့နယ်ပါတီဥက္ကဌ ဒေါ်မေရီယန်မှ လက်ရှိနိုင်ငံရေးကို ချဉ်းကပ်ခြင်း ဘာသာရပ်ဖြင့် ဆွေးနွေးပြီး ဒီးမောဆိုမြို့နယ် အတွင်းရေးမှူး ဦးဝီလျှံဇော်ထိုက်မှ နိုင်ငံရေးသမိုင်းအကြောင်း ဖြင့် ဆွေးနွေးပို့ချကာ ၁၆း၂၀ နာရီအချိန်တွင် ပထမရက် သင်တန်းကို ရပ်နားပါကြောင်း သတင်းရရှိသည်။