ဘောလခဲခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းအစည်းအဝေး

ဘောလခဲ ခရိုင် – ဒီဇင်ဘာ (၁၅) ရက်

၁၅-၁၂-၂၀၁၅ ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန် ကယားပြည်နယ် ဘောလခဲခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်နိုင်ရေး အတွက် စီမံချက်ပါအတိုင်း ဆပ်ကောက်မတီအလိုက် အသေးစိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးကြပါသည်။

ယင်းဆွေးနွေးပွဲသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော ဦးကျော်မြင့်၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်၊ ဦးအေးရွှေ (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)၊ ဘောလခဲခရိုင်ပါတီဥက္ကဌ ဦးအေးမောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နှင့် ခရိုင်ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သန်း၊ ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးရယ် (ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်)နှင့် မြို့နယ်ကော်မတီဝင်များ၊ ဖါးဆောင်းမြို့နယ်ပါတီအတွင်းရေးမှူး၊ မယ်စဲ့မြို့နယ်ပါတီဥက္ကဌ ၊ သင်တန်းနည်းပြများ စုစုပေါင်းအင်အား (၃၀) ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။