မြင်းမူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

 

မင်းမူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲအား ယနေ့နံနက် ၁ဝး၀၀ နာရီအချိန် က မြင်းမူမြို့ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ ကျေးရွာအုပ်စုအတွင်းမှ လူငယ် ၇၅ ဦး တက်ရောက်ခဲ့ကြသည်။

မြို့နယ်ဥက္ကဋ္ဌ ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်များအား ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက် ပြီး ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ကော်မတီဝင် ဦးသိန်းဆွေက လူငယ်များအနေဖြင့် ပါတီအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ကြပါရန်နှင့် လက်ရှိနိုင်ငံရေးအခြေအနေအား ပြောကြားခဲ့ရာ မီဒီယာတာဝန်ခံ ဦးဇေယျာစိုးက လူငယ်များအနေဖြင့် မီဒီယာပိုင်းမှာ ပါဝင်ပေးကြပါရန်နှင့် မီဒီယာအကြောင်းအရာများအား ရှင်းလင်းပြောကြား ခဲ့သည်။ မြို့နယ်လူငယ်ဥက္ကဋ္ဌ ဦးကိုကိုဦးကလည်း လူငယ်များအနေဖြင့် ပြည်သူ့အကျိုးကို ပါဝင်ဆောင်ရွက် ပေးခြင်းဖြင့် ကူညီပေးလိုကြောင်း ပြောကြားခဲ့သည်။