ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနား

လွိုင်ကော်၊ ဒီဇင်ဘာ ( ၁၁) ရက်

ယနေ့ ၁၁-၁၂-၂၀၁၇ ရက်နေ့ နံနက်(၈း၀၀)နာရီအချိန်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွားသင်တန်း) ဖွင့်ပွဲအခမ်းအနားအား ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့် အမှာစကား ပြောကြားသွားပါသည်။

ပါတီဥက္ကဌက ” နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွားသင်တန်း) ဖွင့်လှစ်ရခြင်းမှာ ပါတီကြီးအနေဖြင့် ရေရှည်အကျိုးကို မျှော်ပြီး အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များအား စဉ်ဆက်မပြတ် မွေးထုတ်နေခြင်းဖြစ်၍ သင်တန်းသူ/သင်တန်းသားများ၏ ပါတီရည်ရွယ်ချက်၊ ရည်မှန်းချက်များကို သင်တန်းမှပို့ချသည့် သခန်းစာများ ဖြင့် လက်တွေ့နယ်ပယ်မှာ ပြန်လည် အသုံးပြုနိုင်ရေးအတွက် လေ့လာသင်ယူကြဖို့နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ဟာ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းစနစ်ကို ချီတက်လာသည်မှာ (၇) နှစ်တာကာလ အတွင်း ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်မှန်သော ငြိမ်းချမ်းရေး ရယူရန်အတွက် ပြည်ထောင်စုအဆင့် NCA အဆင့်လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်နိုင်ခဲ့တာ မြန်မာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှသိရှိပြီး ကနဦးဆောင်ရွက်ပေးခဲ့တာ မိမိတို့ ပါတီအပေါ် ယုံကြည်မှု ပိုမိုလာသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ပါတီဝင်လူငယ်မောင်မယ်များ အနေဖြင့် ပကတိလက်ရှိအခြေအနေများကို ရှောင်လွှဲငြင်းပယ်၍မရပဲ တိုင်းပြည်အတွက် ကျရောက်လာနိုင်တဲ့ မည်သည့်အတားအဆီး အနှောက်အယှက်မဆို ကျရာအခန်းကဏ္ဍကနေ ၀ိုင်းဝန်းတားဆီးဖြေရှင်း ရမှာဖြစ်ပါ ကြောင်း၊ ကျွန်တော်တို့ပါတီရဲ့သမိုင်းကြောင်းကို ပြန်ကြည့်ပြီး အတိတ်ကသင်ခန်းစာများကို ” အား ” အဖြင့်မွေးပြီး အနာဂါတ်ပါတီကြီးကို အစဉ်အမြဲရှင်သန်အောင် ဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊ မိမိတို့ ပါတီဥက္ကဌကြီး ဦးသန်းဌေးသည် တစ်နိုင်ငံလုံးသို့ သွားရောက်ပြီး စည်းရုံးရေး ဆောင်ရွက်နေသလို ရောက်ရှိတဲ့ဒေသတိုင်းမှာ ပါတီဝင်ထုရဲ့ ထောက်ခံမှုများစွာ ရရှိနေတာကိုလဲ တွေ့မြင်ရကြောင်း၊ ပါတီဥက္ကဌကြီးရဲ့မိန့်မှာချက်များကို မိမိတို့ရဲ့လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူကျင့်သုံးကြဖို့ အထူးမှာကြားလို ကြောင်း ” ပြောကြားသွားပါသည်။

ယနေ့ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွားသင်တန်း) ဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးလူရယ်ဖိုးလူ၊ ဦးကိုးရယ်၊ ပြည်နယ်ပါတီနာယကများ ဖြစ်ကြသော ဦးတော့ရယ်၊ ဦးခီးရယ်၊ ဦးပီမောင်စိုး၊ ဒေါ်စုလေးဖြူနှင့် ပြည်နယ်ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်နှင့် မြို့နယ်အသီးသီးမှ ပါတီဥက္ကဌများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူ/သားများ စုစုပေါင်းအင်အား (၈၀) ကျော်တက် ရောက်ကာ နံနက် (၈း၁၅) နာရီတွင် အောင်မြင်စွာပြီးစီးကြောင်း၊ သင်တန်းသူ/သင်တန်းသား စုစုပေါင်း (၅၉) ဦး တက်ရောက်ကြောင်း၊ သင်တန်းကို (၃) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းဖွင့်ပွဲအပြီးတွင် ပါတီဥက္ကဌကြီးသည် သင်တန်းသူ/သားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း သတင်းရရှိသည်။