ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇/၂၀၁၈ ပညာသင်နှစ် ထောက်ပံ့စရိတ် ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇/၂၀၁၈ ပညာသင်နှစ် ထောက်ပံစရိတ် ပေးအပ်ပွဲအခမ်းအနားအား ၁၁.၁၂.၂၀၁၇ ရက်နေ့ နေ့လည် ၁း၀၀ နာရီအချိန်က တိုင်းအစည်းအဝေးအခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဦးတင်အောင်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီးနောက် ဗဟိုကော်မတီဝင် ဒေါက်တာမြင့်သိန်းမှ တက်ရောက်လောသော ကျောင်း သား/ကျောင်းသူများအား ပညာသင်ထောက်ပံ့စရိတ် ပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစီအစဉ်အရ ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ခြင်းအစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီဝင် ဒေါက်တာမြင့်သိန်း တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးတင်အောင်၊ ဒေါ်အေးအေးမြင့်တို့ မှ ပေးအပ်ချီးမြှင့်ပေးခဲ့ကြပါသည်။ စုစုပေါင်း ကျောင်းသားဦးရေ ၁၇ ဦးအတွက် ၂၈ သိန်း ၄ သောင်းကျပ် တိတိအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။