ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ (၄၂) ကြိမ်မြောက်သွေးလှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ပြည်သူများကျန်းမာရေး အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်အမျိုးသားသွေးလှူဘဏ်တွင် စဉ်ဆက်မပြတ်သွေးလှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၈ နာရီ အချိန်က (၄၂) ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ အမျိုးသားသွေးလှူဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်နှင့် ဝန်ထမ်းများ၊ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဒေါ်ဇာခြည်လင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌများနှင့်သွေးလှူဒါန်းမည့်ပြည်ခိုင် ဖြိုးပါတီဝင် ၂ဝဝ တို့ တက်ရောက်ကြပြီး အစီအစဉ်အရ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်း က အမှာစကားပြောကြားသည်။

ထို့နောက် အမျိုးသားသွေးလှူဘဏ်မှဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သွေးလှူရှင်များအား အားပေးစကားပြောကြားသည်။ (၄၂) ကြိမ်မြောက်သွေးလှူဒါန်းပွဲ တွင် အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီက သွေးပုလင်းပေါင်း ၁၅ဝကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)