မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲ (၁၂/၂၀၁၇)၌ ရပ်/ကျေးများအား ဗလာမပါကံစမ်းမဲဖြင့် လက်ဆောင်ပစ္စည်းများမဲဖောက်ပေးအပ်

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲ (၁၂/၂၀၁၇)နှင့် တက်ရောက်လာသူများအား ၂၀၁၇ နှစ်ကုန် ပျော်ပွဲရွှင်ပွဲအဖြစ် ဗလာမပါကံစမ်းမဲဖြင့် လက်ဆောင်ပစ္စည်းများ မဲဖောက်ပေးအပ်ပွဲ အခမ်းအနားအား ယနေ့ (၉-၁၂- ၂၀၁၇) ရက်နေ့ နံနက် (၉) နာရီ မှ (၁၁း၃၀) နာရီအချိန်အထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်ထောင်စု နယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်l မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး (၃၆) အုပ်စုမှ စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ပထမဦးစွာ ပြည်ထောင်စုနယ်မြေကော်မတီဝင် ပျဉ်းမနားမြို့နယ်တာဝန်ခံ ဦးဝင်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီမှ ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းကိစ္စ ရပ်များ၊ ရှေ့လုပ်ငန်းစဉ်များကို လမ်းညွှန်ဆွေးနွေးခဲ့ရာ၌ ပျဉ်းမနားမြို့နယ်အတွင်း၌ ရွာလုံးကျွတ်နီးပါး ပါတီ ဝင်နိုင်အောင် မိမိတို့ကျေးရွာများတွင် စည်းရုံးနိုင်ရေး၊ မြို့နယ်ပါတီမှလည်း လိုအပ်သည်များကို ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာကြသော ရပ်ကျေးကော်မတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ၂၀၁၇-ခုနှစ် နှစ်ကုန် ပျော်ပွဲရွှင်ပွဲအနေဖြင့် တက်ရောက်လာသူများအား ဗလာမပါ ကံစမ်းမဲဖောက်ကာ လက်ဆောင် ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။