ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်တို့ ညောင်ဦးမြို့နယ်စည်းရုံးရေးမှူးများအား တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီအချိန်က ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်တို့သည် ရပ်ကွက်၊ ကျေးရွာပါတီစည်းရုံးရေးမှူးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးပွဲသို့ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ ဗဟို ကော်မတီဝင် ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ ညောင်ဦးခရိုင်ဥက္ကဋ္ဌ ဦးညွန့်ဝင်း နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ၉၁ အုပ်စုမှ စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ရှေးဦးစွာ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က ပါတီအောင်နိုင်ရေးအတွက် ဆွေးနွေးမှာကြားခဲ့ပြီးတွေ့ဆုံပွဲမှာ မွန်းလွဲ ၁ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)