ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် အောင်လံမြို့နယ်မှ ပါတီဝင်များဖြင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ယခုလ ၇ ရက် နံနက် ၁ဝ နာရီတွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ရှိ ရေနံကြီးအခြေစိုက်၊ မြို့ပေါ် ၉ ရပ်ကွက်၊ မြို့မတောင် အခြေစိုက်များမှ ပါတီဝင်များဖြင့် နှစ်လတစ်ကြိမ်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါတီအခြေခံအဖွဲ့ခေါင်းဆောင်များမှ ကျေးရွာများရှိ ပြည်သူလူထု၏အသံများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။ ၄င်းနောက် ဗဟိုအတွင်းရေးမှူးက ဖြည့်စွက်ရှင်းလင်းပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အောင်လံမြို့ ကံကြီးရပ်ကွက်ရှိ စေတနာမွန် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သို့သွားရောက်ပြီး အလှူငွေကျပ် သုံးသိန်းကို ပေးအပ်လှူဒါန်းရာ စေတနာမွန် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ အတွင်းရေးမှူး ဦးသာအိကလက်ခံယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကာ အခမ်းအနားကို နံနက် ၉ နာရီ မိနစ် ၂ဝ တွင် ရုပ်သိမ်းခဲ့သည်။

သက်ချို(အောင်လံ)