တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း သည် တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်ထွန်း၊ ဦးခင်မောင်လွင်၊ ဦးအားလောင်း၊ ဦးစိုးကျော်အောင်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ ပါတီလူငယ်များဖြင့် (၆-၁၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းလပ်မြို့နှင့် တာလေမြို့နယ်များသို့ ကား (၂) စီးနှင့် ကွင်းဆင်းသွားရောက်ခဲ့ပါသည်။

ကနဦးစွာ ကျိုင်းလပ်မြို့၊ ကော်မိုက်ဟုန်းကျေးရွာ ပါတီခေါင်းဆောင် ဦးအားဂျေအိမ်တွင် ပါတီဝင် (၃၀) ဦးဖြင့် တွေ့ဆုံပြီး မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၏သမီး မဖူးဝေအောင် ကျောင်းဆရာမရှိသည့် ကော်မိုက် ဟုန်း မူလွန်ကျောင်းသို့သွားရောက်၍ ကျောင်းတွင် လိုအပ်နေသော ကျပ် (၁) သိန်း တန်ဖိုးရှိ ပလပ်စတစ် ထိုင်ခုံ (၁၂) လုံးအား ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ လှူဒါန်းခြင်း ပြည်ထောင်စုနေ့စဉ်သတင်းလွှာ၊ ရှေ့ဆောင်ဂျာနယ်များအား ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံမှ ပေးအပ်ရာ ကျောင်းအုပ်ဆရာ ဦးနိုင်ဝင်းအောင်မှ လက်ခံရယူခဲ့ကြပါသည်။
ဆက်လက်၍ တာလေမြို့၊ လုဒ်တောင်းမိုင်ရွာသို့ သွားရောက်ပြီး သူကြီး ဦးလုဂျီနှင့် ကျေးရွာလူကြီး (၅) ဦး အား လည်းကောင်း၊ တာလေမြို့နယ် လာဇလယ်ကျေးရွာ ပါတီခေါင်းဆောင် ဦးအားကျယ်နှင့် ပါတီဝင် (၃၀) ဦးဖြင့် တွေ့ဆုံတွေ့၍ ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် တာလေမြို့နယ်တွင် ကျင်းပနေသော ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ (ဖလား) ဘောလုံးပြိုင်ပွဲသို့ သွားရောက်၍ နားအွန်ကျေးရွာနှင့် မိုင်းလင်းဖတ်ကန်လူငယ်ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်အားပေးပြီး တာချီလိတ်သို့ (၁၆း၃၀) နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။