ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းဒေသကြီးတာဝန် ဦးမြင့်စိုး ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓ ဘိသေကအနေကဇာတင်ပူဇော်ပွဲအခမ်းအနား တတ်ရောက်

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်  စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးနှင့်ဇနီး ဒေါ်ခင်မြဦးတို့သည် ၃-၁၂-၂၀၁၇ ရက်နေ့ မနက် (၉) နာရီအချိန်တွင် ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာ မြို့လှတောရ ဘုန်းကြီး ကျောင်း အတွင်းရှိ အလိုတော်ပြည့်အောင်တော်မူ ဘောဂစေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ပွဲအခမ်းအနားသို့ တတ်ရောက်၍ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား ပင့်ဆောင်တင်လှူခဲ့ပါသည်။ ထို့နောက်တွင် ပင့်သံဃာ ၅၄ ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်နှင့်ဇနီးတို့မှ လှူဖွယ်ပစ္စည်းများနှင့်ဝတ္တုငွေများ လောင်းလှူခဲ့ပါသည်။

ရွှေထီးတော်တင်လှူပွဲအခမ်းအနားကို တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ရွှေဘိုမြို့နယ်ပါတီဥက္ကဌ ဦးဇော်ဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်များ စုစုပေါင်းအင်အား ၁၀၀ ဦး တတ်ရောက်၍ လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြပါသည်။