ဆွီဒင်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအား အီဘရာဟီမိုဗစ်ခ်ျ အား ကျော်ဖြတ်၍ အန်ဒရီရက်စ်ဂရန်ဗစ် ရရှိခဲ့

ဆွီဒင်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့်၂၀၁၇ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးကစားသမား အဖြစ် ရွေးချယ်ခဲ့ရာတွင် အဆိုပါဆုအား ဆယ်စုနှစ်တစ်ခုကြာကြီးစိုးထားသည့် တိုက်စစ်မှူးဟောင်းဖြစ်သူ အီဘရာ ဟီမိုဗစ်ခ်ျအား ကျော်ဖြတ်၍ နောက်တန်းကစားသမားဖြစ်သူ အန်ဒရီရက်စ် ဂရန်ဗစ်က ရရှိခဲ့ကြောင်း အတည်ပြု သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ အီဘရာဟီမိုဗစ်ခ်ျသည် လက်ရွေးစင်အသင်းမှ အနားမယူခင် ကာလများတွင် အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားနိုင်ခဲ့ခြင်းကြောင့် ၂၀၀၇ခုနှစ်မှစတင်၍ ၂၀၁၆ အထိ ၁၀နှစ်ဆက်တိုက်အကောင်းဆုံးကစားစမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်အသင်းဟောင်းဖြစ်သည့် ၀ီဂန်အသင်းတွင် အထိုက်အလျောက် ခြေစွမ်းပြခဲ့ဖူးသည့် နောက်တန်း ကစားသမား အန်ဒရီရက်စ်ဂရန်ဗစ်သည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရေးအတွက် အီတလီအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်PLAY-OFF ပွဲစဉ်တွင် ပေးဂိုးမရှိခဲ့သည်အထိ အတည်ငြိမ်ဆုံး ကစားနိုင်ခဲ့ သည့်အတွက် ယခုကဲ့သို့ တစ်နှစ်တာအကောင်းဆုံးကစားအဖြစ် ရွေးချယ်သတ်မှတ်ချက်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

-Ref; Sky sports