တောင်ငူမြို့နယ် ဒိုးတောင်ကျေးရွာအုပ်စု ရေချိုးချောင်းကျေးရွာ ကျေးရွာလုံးကျွတ်နီးပါး ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်း တက်ရောက် အားပေး

တောင်ငူ နိုဝင်ဘာ ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် နိုဝင်ဘာ ၂၁ ရက်နေ့ ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဒိုးတောင်ကျေးရွာအုပ်စု ရေချိုးချောင်းကျေးရွာမှ အသက်ပြည့်ပြီး ဖြစ်သည့် ကျေးရွာသားအားလုံးနီးပါး ကျေးရွာလုံးကျွတ်ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

အခမ်းအနားအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ပြီး ရေချိုးချောင်းကျေးရွာမှ ပါတီဝင်များကိုယ်စား ပါတီဝင်တစ်ဦးဖြစ်သည့် ဦးစိုးသူရမှ ပါတီဝင်ရခြင်းနှင့်ပါတ်သက်၍ ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက်ပါတီဝင်အဆိုပြုလွှာများအား ဒိုးတောင်ကျေးရွာ ကျေးရွာစည်းရုံးရေးမှူး ဦးသောင်းရွှေ မှပေးအပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်မောင်စိုး မှလက်ခံရယူပြီး ပါတီဝင်ကြေးများဆက်လက်ပေးအပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်မောင်စိုး ပါတီဝင်နှစ်စဉ်ကြေးများအားပေးအပ်ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းမှ လက်ခံရယူခဲ့သည်။

၎င်းနောက်ပါတီဌာနချုပ်မှ ဒေသခံပြည်သူများအတွက် အမှတ်တရလက်ဆောင်များပေးအပ်ရာ ပါတီ ဒု ဥက္ကဋ္ဌ ဦးမြတ်ဟိန်းမှ မြို့နယ်အရံကော်မတီဝင် ဦးမြင့်စိန် ပေးအပ်ခဲ့သည်။

အမှတ်တရလက်ဆောင်များပေးအပ်မှုများအပြီးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်လာကြသော ပါတီဝင်အသစ်များအား ပါတီအမှတ်တံဆိပ် ရင်ထိုးများအား ကိုယ်တိုင်တတ်ဆင်ပေးကာ နွေးထွေးစွာနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရှေ့ဟောင်းသမိုင်းဝင် မြတ်စောညီနောင်စေတီတော်အား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး စေတီတော်ဂေါပကအဖွဲ့ထံ စေတီတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြသည်။

အဆိုပါ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ဒု ဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီအထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး၊ ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ၊ ပဲခူးတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး၊ ဦးပွင့်စန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ ဗဟိုကော်မတီဝင်များ တိုင်း၊ ခရိုင်မြို့နယ် ပါတီဥက္ကဋ္ဌများနှင့်ပါတီကော်မတီ ဝင်များ၊ အဆိုပါကျေးရွာမှ ကျေးရွာများမှာပါတီဝင်များ တက်ရောက်ကြသည်။ ယနေ့ ကျေးရွာလုံးကျွတ်နီးပါးပါတီဝင်ရောက်ကြခြင်းဖြစ်သည်။

#ပြည်သူ့ဆက်ဆံရေး