မာန်အောင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပါတီ ဆိုင်းဘုတ်တင်ပွဲများ ပြုလုပ်

နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက မာန်အောင်မြို့နယ် ကင်းတဲအုပ်စု ကင်းတဲကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကို ပြုလုပ်ကျင်းပခဲ့ပြီး နေ့လည်ပိုင်းက မီးလောင်ထောင့် ကျေးရွာအုပ်စု ဇလပ်ပြင်ကျေးရွာ တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ပါတီဆိုင်းဘုတ်တင်ပွဲသို့ ပြည်နယ်ကော်မတီဝင်ဦးသိန်းနု၊ ခရိုင် ဥက္ကဋ္ဌ ဦးမြလင်း၊ခရိုင်ကော်မတီဝင် ဦးကျော်လှဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်မြို့နယ်ကော်မတီဝင်များ၊ မြို့နယ် ရုံးဝန်ထမ်းများ ရပ်ကျေးပါတီခေါင်းဆောင်များ၊ ရပ်မိရပ်ဖ များ၊ ကျေးရွာအတွင်းရှိ လူငယ်များ၊အမျိုးသမီးငယ်များ တက်ရောက်အားပေးခဲ့ ကြသည်။

ဆိုင်းဘုတ်တင်အခမ်းအနားများ ပြီးစီးချိန်တွင် ပါတီတာဝန်ရှိသူများသည် အဆိုပါကျေးရွာများမှ ကျေးရွာဒေသခံလူထုနှင့် ရပ်ရွာအကျိုးပြုလုပ်ငန်း များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးခဲ့ကြရာ ဒေသခံများက ပါတီ၏ အားနည်း ချက် အားသာချက်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရာတွင် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးတင်ပြ ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ကော်မတီဝင် ဦးသိန်းနုမှ မိမိတို့ပါတီအနေဖြင့် ယခင်ကလုပ်ကိုင်ဆောင်ရွက်ခဲ့သော အခြေအနေများ၊ လက်ရှိလုပ်ကိုင် ဆောင်ရွက်နေသော အမျိုးသားရေး လုပ်ငန်းစဉ်များ၊ ပြည်သူအကျိုးပြု လုပ်ငန်းစဉ်များ ရှေ့ဆက် လုပ်ဆောင်သွားမည့် ပါတီလုပ်ငန်းစဉ်များ၊ ပါတီ၏ မူဝါဒသဘောထားများကိုလည်း ပြည်သူများသိရှိအောင် ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် ခရိုင်ဥက္ကဋ္ဌ ဦးမြလင်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည်တို့ က မိမိတို့ ပါတီမှ လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်း ဆွေးနွေးတင်ပြခဲ့သည်။

ခိုင်ဖြိုး(မာန်အောင်)