ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်တာဝန်ခံ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နယ်မြေကွင်းဆင်းခြင်း

ဖါးဆောင်းမြို့ နိုဝင်ဘာလ (၁၄) ရက်

၁၄-၁၁-၂၀၁၇ ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်တွင် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ် တာဝန်ခံ) ဖါးဆောင်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်သည် ကယားပြည်နယ်၊ ဖါးဆောင်းမြို့သို့ သွားရောက်ခဲ့ပါ သည်။

ပထမဦးစွာ နေ့လည်(၁၂း၂၀)နာရီမှ (၁၂း၅၀)နာရီအထိ ဖါးဆောင်း မြို့တောင်ပိုင်းရပ်ရှိ ဓမ္မသိဒ္ဓိသိမ်ကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးအာဒိစ္စအား လှူဖွယ် ပစ္စည်း၊ သင်္ကန်းနှင့် နဝကမ္မ အလှူငွေဖြင့် သွားရောက်ဖူးမျှော် ကန်တော့ပါသည်။

ဆက်လက်ပြီး နေ့လည် (၁၂း၅၅) နာရီအချိန်တွင် ဖါးဆောင်းမြို့ မြောက်ပိုင်းရပ် မွေတော်ကျောင်းသို့သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးဝိဇယအား လှူဖွယ်ပစ္စည်း၊ သင်္ကန်း နှင့် နဝကမ္မ အလှူငွေဖြင့် သွားရောက်ဖူးမျှော် ကန်တော့ပါသည်။

တို့နောက် နေ့လည် (၁း၅၀)နာရီ အချိန်တွင် ဖါးဆောင်းမြို့နယ် ဝမ်အောင်း (ကယားရွာ) ဓမ္မဝိရုဋ္ဌီကျောင်းသို့သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးမေဓာနန္ဒအား လှူဖွယ် ပစ္စည်း၊ သင်္ကန်းနှင့် နဝကမ္မ အလှူ ငွေဖြင့် သွားရောက်ဖူးမျှော် ကန်တော့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်သည် ဖါးဆောင်းမြို့နယ်၊ ရှမ်းနှစ်သစ်ကူးပွဲတော် မီးပုံးပျံပြုလုပ်ရန်အတွက် အလှူငွေများထပ်မံပေးအပ်ခဲ့ပါသည်။

၎င်းသို့သွားရောက် ဖူးမျှော်ရာတွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်တာဝန်ခံ) ဦးဝင်းမြင့် ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့်၊ ဒေါ်ဗျားမြာမောင်၊ ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးလင်းမြတ်ဦးတို့ လိုက်ပါသွားကြောင်း သတင်းရရှိသည်။