ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ အကြိမ်မြောက် စုပေါင်းဘုံကထိန်ကျင်းပ

ချောက် နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ်မြောက် စုပေါင်းဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ ချောက်မြို့နယ် ရသစ်ကျေးရွာ ဓမ္မပါလကျောင်းတိုက်၌ ကျင်းပရာ အလှူ တော်မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ မကွေးခရိုင် ပါတီဥက္ကဋ္ဌဦးထွန်းရှိန်၊ဆိပ်ဖြူ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဆောင် နှင့် အတွင်းရေးမှူး ဦးလေးမောင်၊ ချောက်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ ကျေးအုပ်စု စည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရသစ်ကျေး ရွာဓမ္မပါလကျောင်းတိုက်ဆရာတော် ဦးဥနိကနှင့် ပင့်သံဃာတော်အပါး ၃ဝ ထံမှ ကထိန်တရားနာယူခြင်း၊ ရေစက်ချအမျှဝေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဝတ္ထုငွေ ခုနစ်သိန်းနှင့် ငွေကျပ် ၁၈ သိန်းတန်ဖိုးရှိ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ ကြောင်း သိရပါသည်။