ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် ၁၄.၁၁.၂၀၁၇ ရက်နေ့ ၁၂း၀၀ မှ ၁၄း၄၀ ထိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူး ဦးမြင့်အေး၊ မြို့နယ်ကော်မတီဝင် ဦးဝင်းစိုးတို့နှင့် ကျေးရွာရှိပါတီဝင်များ၊ ရပ်မိရပ်ဖများ တွေ့ဆုံခဲ့ကြပါသည်။

၂၀၂၀ အောင်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင် အတည်ပြုကြပါသည်။ ကျွဲခရံကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးရုံး ဆောက်လုပ်နိုင်ရန်အတွက် ဦးဘပိန် + ဒေါ်အောင်ကြည်မိသားစုမှ မြေယာကွက် လှူဒါန်းခဲ့ပါသည်။