လာမည့်နှစ်မှာ ကစားသမားဘ၀မှ အနားယူတော့မည် ဖြစ်ကြောင်း ဒရော့ဘာ အတည်ပြု

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဒီဒီယာဒရော့ဘာဟာ ၎င်းအနေဖြင့် လာမည့်နှစ်မှာ ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ်ကနေ အနားယူတော့မှာ ဖြစ်ကြောင်း ဆိုပါတယ်။

အဆိုပါ အသက် ၃၉ နှစ် အရွယ်ရှိ တိုက်စစ်မှူး ဖြစ်သူဟာ အရီဇိုးနား အခြေစိုက် အမေရိကန် ပြည်တွင်း ကလပ် Phoenix Rising အသင်းမှာ ကစားနေသူ ဖြစ်ပြီး ယခုလို ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ်မှ အနားယူတော့မည့် အကြောင်းကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ RMC Sport နှင့် တွေ့ဆုံခန်းမှာတော့ ဒရော့ဘာက သူ့အတွက်တော့ လာမယ့်နှစ်ဟာ ဘောလုံးလောက အတွင်း ကျင်လည်မယ့် နောက်ဆုံး ရာသီ ဖြစ်လာဖို့ ရှိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး အဓိက ဆုဖလား ၁၂ လုံး ရရှိခဲ့တဲ့ ဒရော့ဘာဟာ အသင်း အတွက်ကို ၃၈၁ ပွဲ ကစားကာ ၁၆၄ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီး အသင်း အတွက်ကို ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ FA ဖလား ၄ ကြိမ်နှင့် ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပြင် EFL Cup တစ်ကြိမ် ရရှိခဲ့ဖူးတဲ့ အစဉ်အလာကောင်းတွေ ပိုင်ဆိုင်ထားခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။

  -Ref; Sky sports