စုပေါင်းမဟာဘုံကထိန်ကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၁၃

မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့တွင် မြို့တွင်းသို့ လှည့်လည်ပြီး ဂဠုံအုပ်စု ဂဠုံကုန်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်းကာ ယနေ့နံနက် ၉ နာရီ အချိန်က ကထိန်တရားတော်များနာယူကာ ရေစက်သွန်းချအမျှအတန်းပေးဝေပြီး ပင့်သံဃာ ၁၂ ပါးတို့အား နေ့ဆွမ်းများ ဆက်ကပ် ပူဇော်ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် ကပ်လှူပူဇော်ပွဲကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာမောင်သင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၊ ဦးစိုးအောင် (အမျိုးသားလွှတ် တော်ကိုယ်စားလှယ်)၊ ဦးစိုးသန်း (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၊ ခရိုင်ပါတီဥက္ကဋ္ဌ၊ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌအတွင်းရေး မှူး/မြို့နယ်ကော်မတီဝင်များ ၊ ပါတီဝင်များနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအရာရှိများ တက်ရောက် ကုသိုလ်ဒါနပြုခဲ့ပါကြောင်း သိရပါသည်။