မင်းတုန်းပြည်ခိုင်ဖြိုးလစဉ်ပုံမှန်အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာတာဝန်ခံ ဗဟိုကော်မတီဝင် ဦးသန်းဝင်း၊ မကွေးတိုင်းအရန်ကော်မတီဝင် ဦးဝင်းတင်၊ သရက်ခရိုင် ပါတီဥက္ကဌ ဦးဝင်းကျော်တို့သည် မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပသည့် မြို့နယ်နှင့် ရပ်ကျေးအမှုဆောင်များ လစဉ်ပုံမှန်အစည်းဝေးသို့ တက်ရောက်ပြီး တိုင်းဒေသကြီး ပါတီ၏ လုပ်ငန်းများဆောင်ရွက်နေမှု၊ အလုပ်သမားရေးရာကော်မတီဖွဲ့ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေနှင့်။ ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ အခြားသောနိုင်ငံရေးပါတီများနှင့်အတူ ဥပဒေနှင့်အညီ ဝေဖန်ထောက်ပြဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ မင်းတုန်းမြို့နယ် ပါတီဥက္ကဌ ဦးစိုးနိုင် ၊ ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ မြို့ပေါ်နှင့်ကျေးရွာ (၈၄)ရွာမှ စည်း/မှူးနှင့်ပါတီဝင်များ စုစုပေါင်းအင်အား (၁၅၉)ဦး တက်ရောက်ကြောင်း သိရှိရသည်။