ဗဟိုကော်မတီဝင် /တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဌ မြို့နယ်နှင့်ရပ်ကွက် ကျေးရွာအုပ်စုများမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ

ပေါင်းတည် နိုဝင်ဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးအောင်ချိုဦးသည် ဗဟိုကော်မ တီဝင်/တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်ထားထားနု၊ ပြည်ခရိုင်ပါတီဥက္ကဌ ဦးအောင်ဇော်ဌေး၊ ပြည်ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ လိုက်ပါ၍ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ယမန်နေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြပါသည်။

ဗဟိုကော်မတီဝင်/ တိုင်းဒေသကြီးပါတီဒုတိယဥက္ကဌနှင့်အဖွဲ့အား မြို့နယ်ပါတီမှ တာဝန်ရှိသူများက ကြိုဆို ခြဲ့ကပြီး တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို နိုင်ငံတော် သီချင်းသံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီဒုတိယဥက္ကဌ ဦးအောင်ချိုဦးနှင့် ပြည်ခရိုင်ပါတီဥက္ကဌ ဦးအောင်ဇော်ဌေးတို့က ယနေ့ ဖြစ်ပေါ်လျှက်ရှိသည့် နိုင်ငံရေးအခြေအနေများ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပါတ်သက်၍ အမျိုးသားရေးအမြင်များကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်နှင့်ရပ်ကွက်ကျေးရွာအုပ်စုများမှ ပါတီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားကို ၁၂း၁၀အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။