ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲနှင့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေါန ခန်းမ၌ ယခုလ ၅ ရက်က လူငယ်တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ဗဟိုအလုပ်အမှု ဆောင် ကရင်ပြည်နယ် တာဝန်ခံဦးသူရိန်ဇော်၊ ဗဟို အလုပ်အမှုဆောင် ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် တာဝန်ရှိ သူများတက်ရောက်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဘားအံမြို့နယ် လူငယ်ပါတီဝင်များက ရာသက်ပန် ပြည်ထောင်စုသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြသည်။ ဆက်လက်ပြီး တက်ရောက်လာသည့် ဗဟိုအလုပ်အမှု ဆောင်များဖြစ်ကြသည့် ဦးသူရိန်ဇော်၊ ဒေါက်တာအောင်မြတ်ဦးနှင့် ဦးစောမြင့်ဦးတို့က ဂုဏ်ပြုအမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။

ထို့နောက် ပါတီဝင်လူငယ် မောင်မယ်များက အှ်ယှူ့အှ်ယှင်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်လူငယ် ရေးရာတာဝန်ခံ ဦးမင်းမျိုးမြင့်နိုင်နှင့် လူငယ်ကိုယ် စားလှယ်သုံးဦးတို့က နိုင်ငံရေး၊ လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့် မူးယစ်ဆေးကိစ္စရပ်များ၊ စာတမ်းများ ဖတ်ကြားတင်ပြခဲ့ကြသည်။

ဆက်လက်ပြီး လူငယ်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပခဲ့ရာ မြို့နယ်ခုနစ်မြို့နယ်ကိုယ်စား ဘားအံမြို့ နယ်လူငယ် ရေးရာတာဝန်ခံဦးကျော်ဇင်မျိုးက ပြည်နယ်တာဝန်ခံဦးမင်း မျိုးမြင့်နိုင်သို့ ပေးအပ်ခဲ့သည်။ ထို့နောက် ဗဟို အလုပ်အမှုဆောင် ဦးသူရိန်ဇော်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး နံနက်ပိုင်းအခမ်း အနားကို ရုပ်သိမ်းခဲ့ သည်။
မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကျင်းပရာ မြို့နယ်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဘားအံမြို့နယ်မှ စောတင်လင်းအောင်က ပထမ၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဒေါ်မိုးသူခိုင်က ဒုတိယနှင့် တတိယဆုရရှိသော မြဝတီမြို့နယ်မှ ဒေါ်သဇင်မျိုးနှင့် အခြားမြို့နယ်များမှ ယှဉ်ပြိုင်သူ လေးဦးတို့အား ဗဟိုအလုပ်အမှုဆောင်ဦးသူရိန်ဇော်က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။