သူငယ်ချင်းတွေနဲ့အတူ Instagram မှာ Live လွှင့်နိုင်ပြီ

ပြီးခဲ့တဲ့ နွေတုန်းက စမ်းသပ်ခဲ့ပြီး Instagram ဟာ သူငယ်ချင်းတွေနဲ့အတူ Live လွှင့်နိုင်တဲ့ လုပ်ဆောင်ချက် ကို ထည့်သွင်းပေးလိုက်ပါပြီ။ User တွေဟာ ယခုအခါမှာ Live လွှင့်နေတုန်းမှာ သူတိုရဲ့ broadcast ကို ကြည့်နေတဲ့သူ တစ်ဦးကိုဝင်ရောက် ပူးပေါင်းဖို့အတွက် ဖိတ်ခေါ်နိုင်ပြီဖြစ်ပြီး လက်ခံလိုက်ရင် Interface ကို split screen အနေနဲ့မြင်တွေ့ရမှာပါ။

Broadcast ရဲ့ Owner က Guest ကို ပြန်ပြီး Remove လုပ်ပြီး တခြား တစ်ယောက်ကို အလိုရှိတဲ့အခါမှာ ထည့်သွင်းနိုင်မှာပါ။

တကယ့် Stories ဟာ Instagram feed မှာ မတူညီတဲ့ ပုံစံနဲ့ တက်နေမှာဖြစ်ကြောင်း သိရပါတယ်။ ဒီ Feature ကို Android မှာရော၊ iOS မှာပါရနိုင်ပြီဖြစ်တာကြောင့် version update လုပ်ဖို့ တိုက်တွန်းပါရစေ။

Bruce