ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တနသာင်္ရီတိုင်းဒေသကြီး ပါတီဝင်ထုနှင့်တွေ့ဆုံ

တနသာင်္သာရီ နိုဝင်ဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာ  ၉ ညနေ ၃ နာရီခွဲတွင် တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး အတွင်းရှိ ပါတီဝင်ထုနှင့် တွေ့ဆုံကာ ပါတီဝင်များအား လမ်းညွှန်သြဝါဒ စကားမိန့်ကြားခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းအားသံပြိုင်သီဆိုဖွင့်လှစ်ပြီး တနသာင်္ရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းအောင်က တိုင်းဒေသကြီး အစီရင်ခံစာအား တင်ပြသည်။
ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်မှ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး ပြောကြားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက တိုင်းဒေသကြီးအတွင်းရှိပါတီဝင်များအား လမ်းညွှန်အမှာစကားပြောကြားသည်။
အစီအစဉ်အရ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးထွန်းသိန်းမှ ပါတီဝင်နှစ်စဉ်ကြေးများပေးအပ်ရာ ပါတီအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးမှ လက်ခံရယူကာ အခမ်းအနား အောင်မြင်စွာပြီးမြောက်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုပါတီအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအတွင်းရေမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးသန်းအောင်၊ ဗဟိုပါတီကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် တိုင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာများမှ စည်းရုံးရေးမှူးများတက်ရောက်ခဲ့ကြသည်။