ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ရေဖြူမြို့နယ်ရှိ ရှင်ကိုးရှင် ကလိန်အောင်သမိုင်းဝင် ဆံတော်ရှင်စေတီတော်မြတ်ကြီးအားဖူးမျှော်ကြည်ညို

တနသာင်္ရီ နိုဝင်ဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုပါတီကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ တနသာင်္ရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီဝင်များသည် ယနေ့ နိုဝင်ဘာ ၈ ရက် နံနက် ၁၁ နာရီတွင် တနသာင်္ရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိ ရှင်ကိုးရှင် ကလိန်အောင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညိုကန်တော့ကာ စေတီတော်ဂေါပကအဖွဲ့အား စေတီတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် စေတီတော်ဂေါပကအဖွဲ့မှပေးအပ်သော စေတီတော်ဓာတ်ပုံများအား ကြည်ညိုပူဇော်ရန်လက်ခံရယူခဲ့သည်။