ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်မောင်မယ်များ ဝေဘူချောင် ရှေးဟောင်းဇိနစေတီတော်ရင်ပြင်ရှေ့ သန့်ရှင်းရေး လုပ်အားဒါနပေးလှူ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပါတီဝင် လူငယ်မောင်မယ်များ အင်အား (၅၀) ဦး လိုက်ပါလျက် (၅-၁၁-၂၀၁၁) ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ကျောက်ဆည်မြို့ ဝေဘူဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အချိန်မှစ၍ နှစ်စဉ်ကျင်းပပူဇော်မြဲဖြစ် သော (၅၇) ကြိမ်မြောက် ရတနာသုံးပါး ပူဇော်ပွဲကြီး ကျင်းပပြုလုပ်မည့် ရှေးဟောင်းဇိနစေတီတော် ရင်ပြင်ရှေ့ကွင်းရှိ ခြုံနွယ်ပိတ်ပေါင်များအား ပြည်ခိုင်ဖြိုးလူငယ်မောင်မယ်များ စုပေါင်းသန့်ရှင်းရေး လုပ်အားဒါန ပေးလှူခဲ့ကြပါသည်။