ဆောင်းဟေကိုရဲ့ ဘ၀လက်တွဲဖော်ဖြစ်ရလို့ ပျော်နေတဲ့ ဆောင်းဂျွန်ကီ ( အနုပညာ )

 

အောက်တိုဘာ ၃၁ ရက် က ဇနီးမောင်နှံအဖြစ် ပရိသတ်များရှေ့မှောက် သစ္စာပြုခဲ့ကြသော ဆောင်းဂျွန်ကီ နှင့် ဆောင်းဟေကိုတို့၏ မင်္ဂလာပွဲကို အနုပညာရှင် အများအပြားတက်ရောက်ခဲ့ပြီး ၎င်းတို့၏ ပရိသတ် များက လည်း ဝမ်းမြောက်အား ပေးခဲ့သည်။

အသက် (၃၂)နှစ်အရွယ် ဆောင်းဂျွန်ကီနှင့် (၃၅) နှစ်အရွယ် ဆောင်းဟေကိုတို့သည် နာမည်ကျော် Descendants ofthe Sun (၂၀၁၆)ဒရာမာ ဇာတ်လမ်းတွဲတွင် အတူပါဝင် သရုပ်ဆောင်ရာမှ ချစ်သူများဖြစ် ခဲ့ပြီး ယခုနှစ်ဇူလိုင်က စေ့စပ်ခဲ့ သည်။

နိုဝင်ဘာထုတ် Marie Claireမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဆောင်းဂျွန်ကီက ‘‘ဆောင်းဟေကိုရဲ့ ခင်ပွန်းဖြစ် ရတာ ကျွန်တော်အရမ်းပျော်တယ်။ အတိတ်က အကြောင်းအရာတွေနဲ့ ပတ်သက် ပြီးတော့ မစဉ်းစားတော့ဘူး။ လက်ရှိအချိန်ကိုပဲ ကျွန်တော် အလေးထားတယ်။ ကျွန်တော် သူ့ဘေးမှာ ရှိနေရတာ အရမ်း ပျော်ပါတယ်။ အခုအချိန်က ကျွန် တော့်အတွက် စိတ်အချမ်းသာဆုံး အချိန်ပါပဲ’’ဟု ပြောခဲ့သည်။

ဆိုးလ်မြို့ Shilla Hotelတွင် ကျင်းပခဲ့သော ဆောင်းဂျွန်ကီနှင့် ဆောင်းဟေကိုတို့၏  မင်္ဂလာပွဲသို့ အခြားမီဒီယာ များကို ဝင်ရောက် ခွင့်မပြုခဲ့သော်လည်း နောက်ပိုင်း တွင် မင်္ဂလာပွဲအမှတ်တရဓာတ်ပုံ များကို ၎င်းတို့နှစ်ဦး၏ သက် ဆိုင်ရာအနုပညာကုမ္ပဏီများ ဖြစ်ကြသော Blossom Entertain-ment နှင့် UAAတို့က တရားဝင် ဖော်ပြခဲ့သည်။

၎င်းတို့၏ မင်္ဂလာပွဲကို မင်းသားများဖြစ်သော လီဝေါင်ဆို နှင့် ယိုအာအင်တို့က အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်ပေးပြီး အဆိုတော်အိုဂျိုယွန်ကလည်း ဂုဏ်ပြုသီချင်းသီဆိုဖျော်ဖြေခဲ့သည်။ လက်ရှိတွင် ဆောင်းဂျွန် ကီနှင့် ဆောင်းဟေကိုတို့သည် ဥရောပသို့ ဟန်နီးမွန်းခရီးထွက်နေသည်။

ဟန်းနီးမွန်းခရီးက ပြန်လာပါက ၎င်းတို့ဇနီးမောင်နှံသည် ဆိုးလ်မြို့ ယောင်ဆန်ဂူမြို့ရှိ ဆောင်းဂျွန်ကီ၏ နေအိမ်တွင် နေထိုင်မည်ဖြစ်သည်။   Ref:Allkpop