ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဇနီး ဒေါ်စိုးဝတ်ရည်နှင့်အဖွဲ့ဝင်များ ဇွဲကပင်တောင်ဆရာတော်ဘုရားကြီးနှင့် တောင်ကလေးဆရာတော်ဘုရားအား သွားရောက်ဖူးမျှော်ကြည်ညို

ဘားအံ နိုဝင်ဘာ ၅

ကရင်ပြည်နယ် ဘားအံမြို့သို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီးဒေါ်စိုးဝတ်ရည်၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ဇနီး ဒေါ်မြင့်မြင့်စိုး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် ဇနီးဒေါ်လင်းလင်းတင်၊ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့သည် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင်၊ ဦးစောထူးကပေါ် တို့လိုက်ပါလျှက် ယနေ့ နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီ ၄၅မိနစ်အချိန်တွင် လုမ္ဗိနီဥယာဉ်တော်အတွင်းရှိ ဆံတော်ရှင် ဇွဲကပင်တောင် ဆရာတော် ဘန္ဒန္တကဝိဓဇ ဓမမ္မကထိကဗဟုဇန ဟိတဓရ ဆရာတော်ဘုရားထံ ရောက်ရှိ ကြကာ သီတင်းသုံးရာ ဘန္ဒန္တကဝိဓဇဗိမာန်တော်၌ ဆရာတော်ဘုရားထံမှ သြဝါဒခံယူပြီး ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်ဇနီးမိသားစု၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဇနီးမိသားစု၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး မိသားစုတို့မှ လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် ည ၆နာရီ ၁၅ မိနစ်အချိန်တွင် ဘားအံမြို့ တောင်ကလေး ပရိယတ္တိစာသင်တိုက် သို့ရောက်ရှိကြပြီး တောင်ကလေးဆရာတော် အရှင်ပညာသာမိ ထံမှသြဝါဒခံယူကာ ဖူးမျှော်ကြည်ညိုကြပြီး လှူဖွယ်ဝတ္တုအစုစုတို့အား ဆပ်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။

ပြည်သူ့ဆက်ဆံရေး