ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပပြုလုပ်

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကို (၂၅.၁၀.၂၀၁၇) ရက်နေ့တွင် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ၊ ဗဟိုကော်မတီဝင် ဒေါ်နီနီမာ ၊ ဌာနမှူး ဦးကျော်သူရ (ပညာရေးရာဌာန) တို့နှင့် တိုင်း ကော်မတီဝင် ၊ ခရိုင်ကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

တက်ရောက်လာကြသော ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ၊ ဗဟိုကော် မတီဝင် ဒေါ်နီနီမာ ၊ ဌာနမှူး ဦးကျော်သူရ (ပညာရေးရာဌာန) တို့နှင့် တိုင်းကော်မတီဝင် ၊ ခရိုင်ကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေး မှူးနှင့် ကော်မတီဝင်များ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းမှ
၁။ ၈၂ နိုင်ငံသားဥပဒေ ၂။၂၁ ရာစုငြိမ်းချမ်းရေး (ပင်လုံ) ၃။ ရခိုင်ပြည် နယ် အခြေအနေများအား ဆွေးနွေးရှင်းလင်းပြီး စည်းလုံးညီညွတ်စွာဖြင့် အနာဂါတ်နိုင်ငံ အချုပ်အခြာအာဏာတည်မြဲရေး၊ ပါတီအောင်နိုင်ရေးများ ကြိုးစားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

Crd;