ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဇလွန်ပြည်တော်ပြန်ဘုရားဖူးမျှော်

အောက်တိုဘာ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဇလွန်မြို့သို့ရောက်ရှိကာ ဇလွန်ပြည်တော်ပြန်ဘုရားဖူးမျှော်၍ ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ပါသည်။

ဆက်လက်၍ ပြည်တော်ပြန်ဘုရားကြီး ဂေါပကအဖွဲ့အား ဘုရားကြီးဝေယာဝစ္စအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

#ပသဆ