ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

အောက်တိုဘာလ (၂၆) ရက်နေ့ (၁၆း၀၀) နာရီအချိန်၌ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး ဖွင့်လှစ်သည့် ” နိုင်ငံရေးစီမံ ခန့် ခွဲမှုနည်းပြသင်တန်း ” ဆင်းပွဲအခမ်းအနား ကို အဆိုပါရုံးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည် ။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုး၊ တိုင်းပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဒေါ်စန်းစန်းဝင်း ၊ ဒေါက်တာဦးကျော်စိုးနှင့် ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား/သူများ စုစုပေါင်း (၇၀) ဦး တက်ရောက် ခဲ့ကြပါသည် ။

အခမ်းအနားတွင် တက်ရောက်ခဲ့သူများက နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဆင်းအမှာစကားကို တိုင်းဥက္ကဌက ပြောကြား၍ ခရိုင်ဥက္ကဌက သင်တန်းသား/သူများအား သင်တန်း ဆင်းလက်မှတ်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည် ။ သင်တန်းကာလမှာ(၂၄ ၁၀ ၂၀၁၇) မှ (၂၆ ၁၀ ၂၀၁၇) ထိကြာမြင့်ခဲ့ပါသည် ။