စုပေါင်းပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ပျဉ်ချဆိပ်အုပ်စုတွင် ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့၌ ကျင်းပသော စုပေါင်းပါတီဝင်အဆိုပြုလွှာပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအတွင်းရေးမှူးများ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့သည်။အခမ်းအနားတွင် ကျုံပျော်မြို့နယ်၊ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်မှ အခမ်းအနားနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီး အသစ်ဝင်ရောက်လာသော ပါတီဝင်များမှ ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအား တင်ပြကြသည်။
ထို့နောက် ပါတီဝင်အသစ်များအတွက် ပါတီဝင်ကြေး ၁၃၅၀၀၀၀(တစ်ဆယ့်သုံးသိန်းငါးသောင်း) ကျပ်အားပေးအပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးညဏ်လင်းမှလက်ခံရယူပြီး ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်များမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ပါတီဝင်အသစ်များကို ဂုဏ်ပြုသောအားဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ပြီး အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီသီချင်းဖြင့် ရုပ်သိမ်းခဲ့သည်။

#ပသဆ