ဘဏ္ဍာရေးနှစ်သတ်မှတ်ချက် ပြောင်းလဲရန် လွှတ်တော်တွင် ဆွေးနွေးနေဆဲ

 

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ တင်ပြမှုကို ပြန်လည်စဉ်းစားသုံးသပ်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က အောက်တိုဘာ ၂၃ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အကြံပြုဆွေးနွေးလိုက်သည်၊၊

“နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော မြန်မာနိုင်ငံ၏ ဘဏ္ဍရေးနှစ်ပြောင်းလဲသတ်မှတ်သည့် ကိစ္စအား နိုင်ငံတော်၏ နိုင်ငံရေး စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စနှင့် ဆက်စပ်နေပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား ဖြစ်သည့်အတွက် အဆောတလျင် အတည်မပြုသင့်ဘဲ ဘက်ပေါင်းစုံမှ ပြန်လည် စဉ်းစားသုံးသပ်သင့်ပါကြောင်း အကြံပြု လိုပါတယ်”ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုးက ပြောသည်၊၊

ဧပြီလ၁ရက်နေ့မှ စတင်သည့် ဘဏ္ဍရေးနှစ်သည် နှစ်ပေါင်း ၄၀ ကျော်ကျင့်သုံးလာခဲ့ပြီး ၀ယ်ယူရေးနှင့် တည်ဆောက်ရေး လုပ်ငန်း၊ စီမံကိန်းရည်မှန်းချက်များနှင့် အခြားသော နယ်ပယ်အသီးသီးတွင်လည်း အောင်မြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှုရှိတာကို တွေ့ရှိရကြောင်း ၄င်းကပြောသည်၊၊

အောက်တိုဘာ ၂၃ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်သည့် ကိစ္စနှင့် ပက်သက်၍ ကိုယ်စားလှယ် ၁၆ဦးက ပါဝင်ဆွေးနွေးနေကြသည်၊၊
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို လက်ရှိသတ်မှတ်ထားသည့် ဧပြီ ၁ရက်နေ့မှ မတ်လ ၃၀ရက်နေ့အစား အောက်တိုဘာလ ၁ရက်မှ စက်တင်ဘာ ၃၀ရက်ထိကို ပြင်ဆင်သတ်မှတ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့တင်ပြခဲ့သည်၊၊
အောက်တိုဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ရက်အထိ ဘဏ္ဍာနှစ်ကို အမေရိကန်၊ထိုင်း၊လာအိုနိုင်ငံတို့တွင် ကျင့်သုံးနေသည်၊၊   

(7days)