မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်

၂၀၁၇ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းရဲ့ အပြီးသတ်လူစာရင်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီလူစာရင်းမှာ အုပ်ချုပ်သူနဲ့ နည်းပြအဖွဲ့က လူ ၇ ဦးနဲ့ ကစားသမား ၁၆ ဦးရှိတယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

၂၀၁၇ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းဟာ အိမ်ရှင်ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်တို့နဲ့ အုပ်စုတွင်း ယှဉ်ပြိုင်ကစားရမှာပါ။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းဟာ ၂၀၁၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်မှာတော့ ဒုတိယဆု ရရှိခဲ့ပါတယ်။

 (DVB)